ဘက် (စ်) အပင်အားပေး ရွက်ဖျန်း ဓါတ်မြေဩဇာ
အာဟာရဓါတ်ပါဝင်မှုအချိုးအစား : 30 : 12 : 12
ပါဝင်သောအာဟာရဓါတ်များ :
- နိုက်တြိုဂျင်ဓါတ် ........ 30%
- ဖော့စဖိတ်ဓါတ် ......... 12%
- ပိုတက်ရှ်ဓါတ် .......... 12%
- ဇင့် ............... 0.3%
- ဘိုရွန် .............. 0.2%
- အခြားအရောအနှော........ 45.5%
အသုံးပြုပုံ : သီးနှံပင်များစိုက်ပျိုးပြီးရွက်စစ် သုံးလေးရွက်ထွက်ချိန်တွင်အသုံးပြုပါ။
သီးနံပင်တစ်ပင်လုံးကိုနှံ့စပ်စွာပက်ဖျန်းပါ။
ပိုးသတ်ဆေးမှိုသတ်ဆေးများ၊ဟော်မုန်းဆေးများနှင့်တွဲစပ်ကာပက်ဖျန်းနိုင်ပါသည်။
နံနက်ခင်းစောစောသို့မဟုတ် ညနေစောင်းများတွင်ပက်ဖျန်းပါ။
နေပူရှိန်ပြင်းထန်ချိန်တွင်အသုံးမပြုရပါ။
ရေကြည်ရေသန့်ကိုသာအသုံးပြုပါ။
သီးနှံစိုက်ခင်းအားလုံးတွင်အသုံးပြုနိုင်ပါသည်။
နှုန်းထား : ရေ ( ၁၆ ) လီတာဝင်ဆေးဖျန်းပုန်းတစ်ပုန်းလျှင် ဘက်စ်အပင်အားပေးရွက်ဖျန်းမြေဩဇာ
အမှုန့် (၄၀ ဂရမ်မှ ၅၀ ဂရမ် ) ကိုထည့်သွင်းကာရေဖြင့်စနစ်တကျရောစပ်၍ပက်ဖျန်းပါ။
သီးနှံပင်အတွက်ကောင်းကျိုးများ : ဘက်စ်အပင်အားပေးရွက်ဖျန်းမြေဩဇာကိုပက်ဖျန်းခြင်းဖြင့်
- အပင်များလျှင်မြန်စွာကြီးထွားတောင့်တင်းခြင်
- အကိုင်းအခက်အလက်အရွက်များသန်မာစေခြင်း
- ပင်ပိုင်းဆိုင်ရာလုပ်ငန်းများတိုးတက်အောင်မြင်လာစေခြင်
- ပါဝင်သောအာဟာဓါတ်များအားလုံးကိုအပင်မှလွယ်ကူစွာရစေခြင်
- အာဟာရဓါတ်များလေလွင့်ဆုံးရှုံးမှုမရှိခြင်
- အစာချက်လုပ်နှုန်းအားကောင်းကာအပင်ကျမ်းမာသန်စွမ်းစေခြင်
- ဆေးဖျန်းပုန်းတစ်ပုန်းကုန်ကျစရိတ်သက်သာစေခြင်
- ကုန်ကျစရိတ်နှင့်ညီမျှစွာသီးနှံပင်အတွက်အကျိုးများစေခြင်း တို့ဖြစ်ကြပါသည်