ကျွန်ုပ်တို့အကြောင်း၏ထုတ်ကုန်များ


ကျွန်ုပ်တို့အကြောင်း၏ထုတ်ကုန်များအား​​ အောက်တွင်လေ့လာနိုင်ပါသည်။


Map Faster 5% WDG

အေဇိုပါဝါ ၃၂.၅%အက်စီ

မှိုသတ်​ဆေး

Azoxystrobin 20% + Difenoconazole 12.5% SC

Bigrole 200 SC

အဲဗားဂရင်း ၈၀%ဒဗလျူဒီဂျီ

မှိုသတ်​ဆေး

Evergreen 80% WDG


Colam 247 SC

ဖွိုင်စင်ဆွိ ၇၅%ဒဗလျူပီ

မှိုသတ်​ဆေး

Chlorothalonil 75% WP


Kungfu 2.5% EC

မက်ကော်ပိုဇီ ၈၅%ဒဗလျူပီ

မှိုသတ်​ဆေး

Copper Oxychloride 85% WP


Block 5% SG

စတားကိုနာဇောလ် ၂၅%အီးစီ

မှိုသတ်​ဆေး

Propiconazole 25% EC


Map Mitten 1.8% EC

စူပါမန်း ၈၀%ဒဗလျူပီ

မှိုသတ်​ဆေး

Mancozeb 80% WP


×

Sniper 25% WDG

AZO POWER 32 . 5 % SC

အေဇိုပါဝါ ၃၂.၅% အက်စီ

Active Ingredient : Azoxystrobin 20 % + Difenoconazole 12. 5 % SC

နှိမ်နင်းနိုင်သောအဓိကရောဂါများ :

  • ဖားဉမှိုရောဂါ ( Powdery Mildew )
  • ပင်စည်အစေးထွက်ရောဂါ ( Gummy Stem Blight )
  • ဒေါင်းနီးလ်ရွက်ခြောက်ရောဂါ ( Downy Mildew )
  • ရွက်ကြွေရောဂါ ( leaf mold )
  • ဘလိုက်ရောဂါ ( Blight )
  • ရွက်ပြောက်ရောဂါ ( Leaf Spot )
  • သံချေးရောဂါ ( Rust )
  • အကြေးဖတ်ရောဂါ ( Scab )
  • မှဲ့ပျောက်စွန်းရောဂါ ( Anthracnose )၊

အသုံးပြုနိုင်သည့်သီးနှံများ : အာလူး၊ခရမ်းချဉ်၊သရက်၊ပန်းသီး၊ပဲမျိုးစုံ၊စပါး၊ဟင်းသီးဟင်းရွက်စိုက်ခင်းများ မုံညှင်းမုံလာမျိုးရင်းဝင်အပင်များ၊သစ်သီးစိုက်ခင်းများ၊ဖရဲစိုက်ခင်းများ၊ဂျုံသီးနှံ မြေပဲ၊စပျစ်။ငှက်ပျော၊ဝါ၊ရှောက်သံပုရာလိမ္မော်စသည့်သီးနှံများတွင်အသုံးပြုနိုင် ပါသည်။

အပင်တွင်းအလုပ်လုပ်ပုံ : Azoxystrobin သည် Organic compound ဖြစ်သည်။ ဆေးပက်ဖျန်းခြင်း ဖြင့်အပင်တွင်းသို့စိမ့်ဝင်ထိုးဖောက်နိုင်စွမ်းရှိကာအပင်၏ ( Xylem ) မှတဆင့် အရွက်များနှင့်ပင်စည်များသို့စိမ့်ဝင်ကာရောက်ရှိသွားကြပါသည်။ပင်လုံးပြန့်အာနိသင်ရှိကာမှိုရောဂါကျရောက်မှုအားကြိုတင်ကာကွယ်ပေးနိုင်သည့်အပြင်ရောဂါဖြစ်စေသည့်မှိုမျှင်များကိုလည်းထိရောက်စွာကုသမှုပေးနိုင်ပါသည်။သီးနှံအ ထွက်နှုန်းအားတိုးပွားစေသည့်စွမ်းရည်သတ္တိရှိသည်။အပင်တွင်းမှိုစပိုးများပွား များခြင်းကိုတားဆီးဟန့်တားနိုင်စွမ်းရှိသည်။မှိုသတ်ဆေးအနေဖြင့်အများဆုံး ကျယ်ပြန့်စွာသုံးကြသည်၊အများဆုံးနှံစားသီးနှံများတွင်ပိုမိုသုံးစွဲကြသည်။ ထူးခြားချက်မှာ အဇိုလ်းအုပ်စုဝင်မှိုသတ်ဆေးများနှင့်တွဲသုံးပါကပိုမိုပြီးအစွမ်း ထိရောက်ကောင်းမွန်ပါသည်။နိုင်နင်းသည့်အဓိကရောဂါများမှာ ( leaf spot, rusts,powdery ,downy mildew,Net blotch, blight .....) စသည်တို့ဖြစ်ကြ ပါသည်။
Difenoconazole သည်ထူးကဲသည်ပင်လုံးပြန့်အာနိသင်ရှိသည့်အပြင် မျိုးစေ့လူးနယ်ဆေးအနေဖြင့်လည်းအသုံးပြုနိုင်ပါသည်။ကြိုတင်ကာကွယ် နိုင်စွမ်းရှိယုံမက၊မှိုရောဂါများကိုလည်းကုသနိုင်စွမ်းရှိပါသည်။DMI Triazole systemic fungicide ဖြစ်ပါသည်။အရွက်များမှတဆင့်စုပ်ယူကာစိမ့်ဝင်နည်း ဖြင့်ပြန့်နှံ့ကြသည်။ Fruits,Tree flowers Anthracnose,Powdery အတွက် ထိရောက်မှုမြင့်မားသည်။သက်ရှိများကထုတ်လုပ်သည့်ဆဲလ်များတည်ဆောက် ခြင်းကိုဖျက်ဆီးပြစ်သည်။နှုန်းထားအနည်းငယ်သာအသုံးပြုရသည်။သစ်သီးပင် ဟင်းသီးဟင်းရွက်၊ဂျုံ၊အာလူး၊ပဲ၊ဖရဲ နှင်အသီးများတွင်မှိုကြောင့်ဖြစ်ပွားသော ရောဂါအမျိုးမျိုးအတွက်အသုံးပြုရာတွင် အထူးကောင်းမွန်ပါသည်။

အေဇိုပါဝါ မှိုသတ်ဆေး အပင်တွင်း အလုပ်လုပ်ပုံ : ပင်လုံးပြန့်အာနိသင်ရှိကာမှိုရောဂါများကိုကြိုတင်ကာကွယ်မှုသာမက ကုသနိုင်သည့်စွမ်းရည်ထက်မြက်သောမှိုသတ်ဆေးဖြစ်ပါသည်။ရာသီဉတု အခြေအနေကြည်လင်မှုမရှိသည့်အချိန်များနှင်မှိုရောဂါစတင်ဖြစ်နေချိန်တွင် အသုံးပြုပါကထိရောက်မှုပိုမိုအားကောင်းသည်။ဆေးအာနိသင်သည်အပင်တွင်း သိ့စိမ့်ဝင်နိုင်စွမ်းအားထက်မြက်ပါသည်။အရွက်နှင့်အသီးများပေါ်တွင်ဖြစ်စေ သည့်ရောဂါများအတွက်ပိုမိုသင့်တော်ပါသည်။ဆေးအာနိသင်သည်သီးနှံပင်များ အတွင်းတာရှည်နေနိုင်စွမ်းရှိပါသည်။မှိုမျှင်များ၏ဆဲလ်များကြီးထွားခြင်း၊မှိုမျှင် များအပင်တွင်းဇီဝကမ္မဗေဒဖြစ်စဉ်များကိုနှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ကိုပြုလုပ်ကြပါသည်။

အားသာချက်များ :

  • ဆေးအာနိသင်နှစ်မျိုးတွဲထားခြင်းဖြစ်သဖြင့်ပိုမိုပြီးအားကောင်းစေခြင်း။
  • အချိန်တိုအတွင်းသီးနှံပင်အတွက်အကျိုးကျေးဇူးနှစ်မျိုးရရှိနိုင်ခြင်း။
  • ဆေးအာနိသင်အပင်အတွင်းတာရှည်စွာနေနိင်စွမ်းအားမြင့်ခြင်း။
  • သီးနှံမျိုးစုံတို့တွင်အသုံးပြုနိုင်ခြင်း။
  • အပင်များကျန်းမာရေးအတွက်အထူးကောင်းမွန်ခြင်း။
  • အသုံးပြုပက်ဖျန်းရာတွင်ဆေးတစ်ပုန််းကုန်ကျစရိတ်သက်သာခြင်း။
  • သီးနှံအရည်အသွေးကောင်းမွန်ပြီးတစ်ဧကအထွက်နှုန်းပိုလာခြင်းတို့ဖြစ်ကြသည်။

ဆေးနှုန်းထား : ရေ ( ၂၀ ) လီတာဝင်ဆေးဖျန်းပုန်းတစ်ပုန်းလျှင် ဆေးရည် ( ၂၀ ) စီစီနှုန်းထည့်သွင်းကာတစ်ဧက အနည်းဆုံး ခြောက်ပုန်း ခန့်ပက်ပါ၊

×

အဲဗားဂရင်း မှိုသတ်ဆေး

Click 32 WP

အဲဗားဂရင်း ၈၀ ရာခိုင်နှုန်း ဒဗလျူဒီဂျီ

Active Ingredient : Dimethomorph 80 %

ဆေးအာနိသင် : အဲဗားဂရင်းမှိုသတ်ဆေးသည်ပင်လုံးပြန့်အာနိ သင်ရှိသည်။မှိုရောဂါများအားမကျရောက်ခင်ကြိုတင်ကာကွယ်မှုပေးနိုင်သည့် အပြင်ကျရောက်နေသည့်ရောဂါများကိုလည်းထိရောက်စွာကုသမှုပေးနိုင်သည့် အစွမ်းထက်မြက်သည့်မှိုသတ်ဆေးကောင်းတစ်လက်ဖြစ်ပါသည်။Sysmetic morpholine fungicide ဖြစ်သည်။သီးနှံပင်များကိုပက်ဖျန်းသည့်အခါအပင် ၏ရေကြောစည်းနှင့်အတူရွေ့လျားကာအပင်တွင်းသို့ပြန့်နှံ့စေပါသည်။မှိုရော ဂါများကိုလည်းအမြစ်ပြတ်အောင်သုတ်သင်နိုင်စွမ်းရှိပါသည်။

အသုံးပြုနိုင်သည့်သီးနှံများ : အာလူး။ခရမ်းချဉ်။ငရုပ်၊စပျစ်၊ ဖရဲ။သခွားမွှေး၊ကြက်သွန်နီ၊ဗူး၊ဖယုံ၊သခွား၊ဟင်းသီးဟင်းရွက်ခင်းများ၊ကြက် သွန်ဖြူ၊သစ်သီးပင်များ၊ပန်းအလှစိုက်ခင်းများ၊

နှိမ်နင်းနိုင်သည့်မှိုရောဂါများ : အာလူးသီးနှံတွင်ကျရောက် သည့်စောပင်နာကျ၊နှေင်းပင်နာကျ၊ခရမ်းချဉ်စောပင်နာကျ၊နှောင်းပင်နာကျ၊ရော ဂါများ၊စပျစ်ရွက်ခြောက်ရောဂါ၊မှဲ့ပျောက်စွန်းရောဂါ၊စပျစ်ငှက်မျက်စေ့ရောဂါ။ ဖရဲအစေးထွက်ရောဂါ၊ငရုပ်ကိုင်းဖျားခြောက်၊အသီးပုပ်ရောဂါ၊ပင်ညှိုးရောဂါ၊ ကြက်သွန်တောက်တဲ့မြီးရောဂါ၊ ဒေါင်းနီးလ်ရွက်ခြောက်ရောဂါများ၊

အားသာချက် :

  • အဲဗားဂရင်းမှိုသတ်ဆေးတွင်ဆေးစွမ်းရည်ကို ( ၃၀ ) ရာခိုင်နှုန်းအထိတိုးမြှင့်ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။
  • ဆေးဖျန်းပုန်းတစ်ပုန်းလျှင်အသုံးပြုရသည့်ဆေးပမာဏနည်းပါးသဖြင့် တစ်ပုန်းကုန်ကျစရိတ်သက်သာစေပါသည်။တစ်ဧကကုန်ကျစရိတ် နည်းပါးစေသည့်အပြင်ထိရောက်ထက်မြက်သည့်အာနိသင်ကိုခံစားစေရ ပါသည်။ ကုသမှုပေးရာတွင် ( ၉၀ ) ရာခိုင်နှုန်းထိ အကျိုးများစေသည်။
  • ထိသေမှိုသတ်ဆေးဖြစ်သည့် စူပါမန်း မှိုသတ်ဆေးဖြင့်တွဲစပ်ကာအသုံးပြု ခြင်းဖြင့် ရာနှုန်းပြည့်နီးပါး ရောဂါများကို နိုင်နင်းစေပါသည်။
  • ဒေါင်းနီးလ်ရွက်ခြောက်ရောဂါ၊ ဘလိုက်ရောဂါများအတွက်ထိရောက်မှုမြန် ဆန်သည်။ရောဂါဖြစ်ပွားမှုအားလျှင်မြန်စွာထိမ်းချုပ်ကုသနိုင်စွမ်း အား ထက်မြက်ပါသည်။

အသုံးပြုရန်နှုန်းထား : ရေ ( ၁၆ ) လီတာဝင်ဆေးဖျန်းပုန်းတစ်ပုန်းလျှင်ဆေးမှုန့် ( ၂၀ ဂရမ် မှ ၃၀ ဂရမ် ) ထိထည့်သွင်းအသုံးပြုပါ။

×

Foison Sweep 75% WP

Foison Sweep 75% WP

ဖွိုင်စင်ဆွိ ၇၅ % ဒဗလျူပီ

Active Ingredient : Chlorothalonil 75 % WP

ဆေးအာနိသင် : ပင်လုံးပြန့်အာနိသင်မရှိပါ။ ထိသေအာနိသင်ရှိပါသည်။ရွက်ဖျန်းအနေဖြင့် အသုံးပြုနိုင်ပါသည်။မှိုစပိုးများမျိုးပွားများခြင်းကိုဟန့်တားနိုင်စွမ်းရှိသည်။ မှိုမျှင်များမပြန့်ပွားစေရန်ကြိုတင်ကာကွယ်နိုင်ခြင်း၊ကြီးထွားနေဆဲအခြေ အနေတွင်ဆက်လက်မကြီးထွားဘဲရပ်တန့်နေစေခြင်းတို့အပြင်ရောဂါမဖြစ် ပွားစေရန်ထိမ်းချုပ်နှိမ်နင်းနိုင်စွမ်းရှိပါသည်။

အသုံးပြုပုံ : ထိသေမှိုသတ်ဆေးများသည်သီးနှံပင်များကိုနှံ့စပ်အောင်ဆေးပက်ပြီးပါက ဆေးအာနိသင်သည်အရွက်များ၏မျက်နှာပြင်ပေါ်တွင်စွဲမြဲစွာတည်ရှိနေ ကြသည်။ဆေးအာနိသင်သည်အပင်၏တစ်သျူးများကိုထိုးဖောက်ကာအပင် တွင်းသို့မဝင်ရောက်နိုင်ကြချေ။အရွက်ပေါ်တွင်ဖြစ်ပွားသောရောဂါများအတွက် ရွက်ဖျန်းအနေဖြင့်အသုံးပြုနိုင်သည်။ရောဂါဖြစ်ပွားစေသည့်သက်ရှိမှိုများသည် အပင်၏တစ်သျူးအတွင်းထဲသို့ထိုးဖောက်ဝင်ရောက်ခြင်းမပြုမှီထိသေမှိုသတ်ဆေးကိုကြိုတင်ကာပက်ဖျန်းထားပေးရန်လိုအပ်ပါသည်။

နှိမ်နင်းနိုင်သည့်အဓိကရောဂါများ : စပျစ်၊ငရုပ်၊အာလူ၊ခရမ်းချဉ်၊မြေပဲ၊ဟင်းသီးဟင်းရွက်၊ဘူးဖယုံသခွား၊သစ်သီးခင်းများတွင်ကျရောက်တတ်သောအောက်ပါရောဂါများကိုနိုင်နင်းပါသည်။ ၁။ရွက်ခြောက်ရောဂါ ၂။မှဲ့ပျောက်စွန်းရောဂါ ၃။စောပင်နာကျရောဂါ ၄။နှေင်းပင်နာကျရောဂါ ၅။ရွက်ပျောက်ရောဂါ ၆။ခါးရိရောဂါ ၇။Botrytis diseases ။

အားသာချက် : ထိသေမှိုသတ်ဆေဖြစ်သဖြင့်သီးနှံပင်ကိုနှံ့စပ်စွာပက်ဖျန်းရန်လိုအပ်ပါသည်။ Fusarium နှင့် Verticillium မှိုတို့ကြောင့်အစာရေကြောစည်းပျက်စီးစေသည့် ရောဂါများ၊ခါးရိရောဂါနှင့်အသီးပုပ်ရောဂါများအားကောင်းစွာနိုင်နင်းပါသည်။ ကြိုတင်ကာပက်ဖျန်းထားခြင်းဖြင့်ရောဂါကျရောက်မှုအားဟန့်တားနိုင်စွမ်း ရှိသည်။Organochlorine မှိုသတ်ဆေးဖြစ်သည်။

ဆေးနှုန်းထား : ရေ (၂၀ ) လီတာဝင်ဆေးဖျန်းပုန်းတစ်ပုန်းလျှင် ဆေးမှုန့် ( ၄၀ _ ၅၀ ) ဂရမ် နှုန်းထည့်ကာတစ်ဧကလျှင် ရောဂါဖြစ်ပွားမှုအနေအထားအရ ( ၈ _ ၁၀ ) ပုန်းအားနှံ့နှံ့စပ်စပ်ပက်ဖျန်းပါ။

×

Map Copoxy 85% WP

Map Copoxy 85% WP

မက်ကော်ပိုဇီ ၈၅% ဒဗလျူပီ

Active Ingredient : Copper Oxychloride 85% WP

ဆေးအာနိသင် : မက်ကော်ပိုဇီသည်မှိုနှင့်ဘက်တီးရီးယားသတ်ဆေးဖြစ်ပါသည်။ ထိသေအာနိသင်ရှိကာကြိုတင်ကာကွယ်နိုင်သည့်အစွမ်းသတ္တိရှိသည်။ ရေတွင်ကောင်းစွာပျော်ဝင်ပြီးရွက်ဖျန်းမှိုသတ်ဆေးအဖြစ်အသုံးပြုနိုင်သည်။ ကော့ပါးသည်အပင်ကိုရောဂါဖြစ်စေသည့်မှိုနှင့်ဘက်တီးရီးယားသက်ရှိများကို နိုင်နင်းစေသကဲ့သို့အပင်အတွက်လည်းအဆိပ်အတောက်ဖြစ်စေနိုင်ပါသည်။ အပင်၏တစ်သျူးသားများအထဲတွင်အရည်ပျော်ဝင်စေသည့်ပုံသဏ္ဂန်ဖြစ်သည်။

အသုံးပြုပုံ : စိုက်ပျိုးသီးနှံပင်များတွင်အပင်ဖွံ့ဖြိုးကြီးထွားမှုနောက်ပိုင်းအချိန်များတွင်အသုံးပြုပါကပိုမိုကောင်းမွန်ပါသည်။တစ်သျူးအသစ်များကြီးထွားလာချိန်တွင်ဖျန်း ပေးခြင်းဖြင့်ရောဂါများအားကြိုတင်ကာကွယ်ရာရောက်ပါသည်။တစ်သျူးအ တွင်းသားထဲပျော်ဝင်စေကာရောဂါဖြစ်စေသည့်သက်ရှိများကိုတိုက်ခိုက်သည်။ မှိုရောဂါလက္ခဏာများစတင်မပြမှီကြိုပြီးသုံးရန်လိုအပ်ပါသည်။ပူပြင်းလွန်းသော အချိန်များတွင်သုံးရန်မသင့်တော်ချေ။အခြားသောဓာတုဆေးများနှင့်ရောစပ်ကာ မသုံးပါနှင့်။ပျားများအတွက်အန္တာရာယ်ရှိပါသည်။သုံးစွဲရာတွင်လွန်လွန်ကျုးကျုး မသုံးရပါ။ဟင်းသီးဟင်းရွက်ခင်းများတွင်ခူးဆွတ်ရန် ( ၁၀ ) ရက်ခန့်အလိုထိသာ သုံးစွဲပါ။အချဉ်ပေါက်နေသောအခြေအနေမျိုးတွင်သုံးစွဲရန်မသင့်ပါ။

နှိမ်နင်းနိုင်သည့်အဓိကရောဂါများ : မှိုကြောင့်ဖြစ်စေသည့် ဖားဉမှို၊ဒေါင်းနီးလ်ရွက်ခြောက်၊မှဲ့ပျောက်စွန်းရောဂါ၊ အောလ်တာနေုးရီးယားရွက်ပျောက်၊ရွက်ကြွေရာဂါ၊ gray mold ( Botrytis) ရောဂါများ၊ပန်းသီးသစ်တော်သီးတွင်ကျရောက်သည့်လောင်မီးရောဂါများကို နိင်နင်းပါသည်။ထို့အပြင်ဘက်တီးရီးယားကြောင့်ဖြစ်စေသည့်ဘလိုက်ရောဂါ၊ ကင်ကာရောဂါ၊ဘက်တီးရီးယားအစက်အပျောက်ရောဂါများကိုနိုင်နင်းပါသည်။ဖရဲအစေးထွက်ရောဂါများကိုလည်းသက်သာပျောက်ကင်းစေပါသည်။ သီးနှံမျိုးစုံတွင်ကျရောက်သောမှိုနှင့်ဘက်တီးရီးယားရောဂါများအတွက် များစွာထိရောက်မှုရှိသောဆေးကောင်းတစ်လက်ဖြစ်ပါသည်။

အသုံးပြုနိင်သည့်သီးနှံများ : အာလူး၊ကော်ဖီ၊စပျစ်၊ပန်းသီး၊လိမ္မော်သီး၊သစ်တော်သီး၊ပဲမျိုးများ၊ခရမ်းချဉ်၊ နှင်းဆီစိုက်ခင်းများ၊သစ်သီးဝလံစိုက််ခင်းများနှင့်ဟင်းသီးဟင်းရွက်စိုက်ခင်း များ၊ဖရဲသခွားစိုက်ခင်းများ၊ရှောက်သံပုရာအခင်းများ၊ကြက်သွန်းနီ၊ကြက် သွန်ဖြူစိုက်ခင်းများနှင့်အခြားသီးနှံများတွင်အသုံးပြုနိင်ပါသည်။

ဆေးနှုန်းထား : ‌ရေ ( ၁၆ ) လီတာဆန့်ဆေးဖျန်းပုန်းတစ်ပုန်းလျှင်ဆေးမှုန့် ( ၃၀ ဂရမ် ) နှုန်း ထည့်ကာတစ်ဧကလျှင်ဆေးပုန်း ( ၁၀ ) ပုန်းခန့်နှံ့စပ်စွာပက်ဖျန်းပါ။

×

Copper Oxychloride 85% WP

Sniper 25% WDG

စတားကိုနာဇောလ် ၂၅ % အီးစီ

Active Ingredient : Propiconazole 25 % EC

Group : New Nicotinoid Compound Second Generation

အလုပ်လုပ်ပုံ : သီးနှံပင်များအားစတားကိုနာဇောလ်ပက်ဖျန်းထားပါကအပင်၏အရွက်များ နှင့်ပင်စည်တို့မှစုပ်ယူကြသည်။အပင်တွင်းအစာရေကြောစည်းမှတဆင့် အပင်အစိတ်အပိုင်းများဆီသို့ရောက်ရှိသွားကြသည်။တစ်ပင်လုံးသို့အနှံ့၊ပြန့် နှံ့သွားကြသည်။အပင်တွင်းသို့ရောက်ရှိနေသောမှိုမျှင်များ၏ကြီးထွားမှုကို နှောင့်ယှက်ဖျက်ဆီးကြသဖြင့်မှိုမျှင်ကြီးထွားမှုရပ်တန့်ကာသေဆုံးသွားကြ သည်။

ဆေးအာနိသင် : အပင်ပေါ်ပက်ဖျန်းပြီးတစ်နာရီအတွင်းဆေးအာနိသင်သည်အပင်အစိတ်အပိုင်း များအားလုံးဆီသို့ရောက်ရှိသွားသည်။ပင်လုံးပြန့်အာနိသင်ရှိကာသီးနှံပင်များ အထွက်တိုးတက်ကောင်းမွန်စေသည့်အပြင်အရည်အသွေးများကိုလည်းမြင့်မား လာစေသည်။မှိုသတ်ဆေးများအနက်ထိရောက်ကောင်းမွန်ပြီးအစွမ်းထက်သော ဆေးကောင်းတစ်လက်ဖြစ်ပါသည်။ရောဂါဖြစ်ပွားမှုအခြေအနေကိုကြိုတင်ကာ ကွယ်ပေးနိုင်သည့်အပြင်ရောဂါဖြစ်ပွားနေခြင်းကိုလည်းကုသပေးနိုင်စွမ်းရှိ ပါသည်။

အသုံးပြုနိုင်သည့်သီးနှံများ : နှံစားသီးနှံများဖြစ်သည့်စပါး၊ကြံ၊ပြောင်းဖူးဂျုံသီးနှံများတွင်အသုံးပြုနိင်ပါသည်။ ထို့အပြင်မြေပဲ၊သကြားမုံလာ၊ငှက်ပျော၊လ္ဘက်၊ဝါ၊ပဲပုပ်နှင့်အခြားသီးနှံမျိုးစုံတို့တွင် လည်းအသုံးပြုနိုင်ပါသည်။

နှိမ်နင်းနိုင်သောရောဂါများ : စပါးရွက်ဖုံးခြောက်ရောဂါ၊ဂျုံနနွင်းရောဂါ၊ဂျုံအစေ့မဲရောဂါ။စပါးအစေ့မဲရောဂါ၊ စပါးရွက်ပြောက်ရောဂါများ၊လ္ဘက်တွင်အရွက်ပေါ်၌မီးလောင်ဖု၊အရည်ကြည်ဖုအ သွင်ဖောင်းထနေသည့်ရောဂါ၊ဝါရွက်ပျောက်ရောဂါ၊ငှက်ပျောဆီကာတိုကာ‌ရောဂါ၊မြေပဲသံချေးရောဂါ၊ရွက်ပျောက်ရောဂါ။ဖားဉမှိုစသည့်ရောဂါများကိုနိုင် နင်းပါသည်၊ထို့ပြင်ခါးရိ၊အသီးပုပ်၊အခေါက်ပုပ်၊ပင်စည်ပုပ်ရောဂါများကိုလည်း အသုံးပြုနိုင်ပါသည်။

အသုံးပြုပုံ : စိုက်ပျိုးသီးနှံပေါ်တွင်ရောဂါလက္ခဏာကိုစတင်တွေ့ရှိသည်နှင့်တပြိုင်နက် ချက်ခြင်းအသုံးပြုပါ။ရောဂါကျရောက်မှုအခြေအနေရဆေးဖျန်းရက်ကွာ ခြားနိုင်ပါသည်။ရောဂါဖြစ်ပွားမှုအနည်းအများအရအနည်းဆုံး (၁၄)ရက်ခြား အသုံးပြုနိုင်ပါသည်။ပင်လုံးပြန့်အာနိသင်ရှိသဖြင့်အခြားသောမှိုသတ်ဆေး၊ ပိုးသတ်ဆေးများနှင့်ရောစပ်ကာပက်ဖျန်းနိုင်ပါသည်။( Lime Sulphur and Bordeaux mixture များနှင့်ရောစပ်ရန်မသင့်တော်ပါ။အခြားအငံဓါတ်များ သောဆေးများနှင့်လည်းရောစပ်သုံးရန်မသင့်တော်ပါ။)

အားသာချက်များ :

  • အသုံးပြုရန်လွယ်ကူသည့်အရည်ပုံစံဖြစ်ပါသည်။
  • မှိုမျှင်များမျိုးပွားခြင်း၊ကြီးထွားခြင်းတို့ကိုကောင်းစွာနှိမ်နင်းနိုင်သည့်အာနိသင်ရှိသည်။ ( ကြိုတင်ကာကွယ်နိုင်ခြင်၊ကုသပေးနိုင်ခြင်း)
  • အခြားသောမှိုသတ်ဆေး၊ပိုးသတ်ဆေးများနှင့်ရောစပ်အသုံးပြုနိုင်သည်။
  • ကုန်ကျစရိတ်သက်သာသည့်အပြင်ထိရောက်မှုစွမ်းရည်ကောင်းမွန်သည်။
  • သီးနှံပင်များ၏အရည်အသွေးနှင့်အထွက်နှုန်းမြင့်မားလာစေရန်အတွက်ထိရောက်ကောင်းမွန်သောစွမ်းဆောင်ရည်ရှိပါသည်။
  • ဆေးစစ်ပါဝင်မှုအား ၁၀ ရာခိုင်နှုန်းအထိ" တိုးမြင့်ထားသဖြင့်ဆေးစွမ်းအားပိုထိရောက်သည့်အပြင် အပင်တွင်းဆေးအာနိသင်လည်းတာရှည်နေနိင်စွမ်းအားရှိပါသည်။

ဆေးနှုန်းထား : ရေ (၁၆ ) လီတာဆန့်ဆေးဖျန်းပုန်းတစ်ပုန်းလျှင်ဆေးရည် (၂၀ စီစီမှ ၃၀ စီစီ )ထည့်သွင်းကာ၊စနစ်ကျစွာအသုံးပြုပက်ဖျန်းပါ။

×

စူပါမန်း မှိုသတ်ဆေး

Superman 80% WP

စူပါမန်း ၈၀ % ဒဗလျူပီ

Active Ingredient : Mancozeb 80 % WP

ဆေးအာနိသင် : Dithiocarbamate Family ဖြစ်ပါသည်။ပင်လုံးပြန့်အာနိသင်မရှိပါ။ ထိသေအာနိသင်ရှိကာမှိုရောဂါမဖြစ်ပွားစေရန်ကြိုတင်ကာကွယ်နိုင်စွမ်း ရှိပါသည်။မင်ကိုဇက်သည် Dithiocarbamate maneb နှင့် Dithio- carbamate zineb နှစ်မျိုးပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ပျားများအတွက် အန္တာရာယ်နည်းသော်လည်းငါးနှင့်ရေနေသတ္တဝါတို့အတွက််မူမြင့်မားသည်။ ထိရောက်မှုအစွမ်းအာနိသင်ကောင်းမွန်ထူးခြားသဖြင့်သီးနှံစိုက်ခင်းများတွင် ကျယ်ပြန့်စွာအသုံးပြုကြသည်။ရောဂါဖြစ်စေသည့်သက်ရှိများ၏ကိုယ်တွင်း ဓါတ်ပြောင်းလဲမှုဖြစ်စေခြင်းဖြင့်နှောင့်ယှက်မှုများဖြစ်ပေါစေသည်။

အသုံးပြုပုံ : သီးနှံပင်များတွင်ရောဂါလက္ခဏာများစတင်ပြချိန်၌အသုံးပြုနိုင်သည်။ အပူချိန် ( ၂၅ ) ဒီဂရီစင်တီဂရိတ်အောက်တွင်လည်းအသုံးပြုနိုင်ပါသည်။ဆေး အာနိသင်သည်အပင်အတွင်း ( ၇ ရက်မှ ၁၀ ရက်အထိ ) တာရှည်ခံပါသည်။ သီးနှံပင်များတွင်ဆေးပက်မည့်အစိတ်အပိုင်းများအားဆေးရောက်အောင် ပက်ဖျန်းရန်လိုအပ်ပါသည်။ အခြားသောပင်လုံးပြန့်မှိုသတ်ဆေးများနှင့်သာမကမှိုဆေးများနှင့်လည်း ရောစပ်၍အသုံးပြုနိင်သည်။သို့ရာတွင်ကော့ပါး၊ဆာလဖာတို့ပါဝင်သော မှိုသတ်ဆေး၊ပိုးသတ်ဆေးများနှင့်ရောလျှင်မကောင်းပါ။ပိုးအတွက်ထိရောက် မှုနည်းပါးပါသည်။အာလူး၊ပြောင်း၊မြေပဲ၊ခရမ်းချဉ်၊ဝါသီးနှံများအားမျိုးစေ့ လူးနယ်ဆေးအဖြစ်အသုံးပြုနိုင်ပါသည်။ စပျစ်၊အာလူး၊ခရမ်းချဉ်။ငရုပ်၊ပန်းသီး။သစ်တော်သီး၊ဝါ၊နေကြာ၊မြေပဲ။စပါး၊ ဂျုံ၊ပြောင်း၊ကြံ၊အလှစိုက်ခင်းများနှင့်ဟင်းသီးဟင်းရွက်စသည့်သီးနှံများတွင် အသုံးပြုနိင်ပါသည်။ မှိုရောဂါများကိုကြိုတင်ကာပက်ဖျန်းထားခြင်းဖြင့်ရောဂါကျရောက်မှုကို ကာကွယ်ဟန့်တားနိုင်စွမ်းရှိသဖြင့်ရောဂါလက္ခဏာစတင်တွေ့ရှိချိန်တွင် အသုံးပြုရန်အကောင်းဆုံးအချိန်ဖြစ်ပါသည်။

နှိမ်နင်းနိုင်သောရောဂါများ : ရွက်ပျောက်။ခါးရိ။အသီးပုပ်၊အကြေးရေားဂါ၊သံကြေးရောဂါ။နှေင်းပင်နာကျ။စောပင်နာကျ၊ဘလိုက်ရောဂါများ။မှဲ့ပျောက်စွန်းရောဂါ၊ဒေါင်းနီးလ်မှိုရောဂါ၊ ကိုကာကွယ်နိုင်နင်းပါသည်။

အားသာချက် : မင်ကိုဇက်မှိုသတ်ဆေးတွင်ထုပ်လုပ်ဖော်စပ်ထားမှုအပိုင်းအရဇင့် ( Zn ) နှင့် မင်းဂနီးစ် ( Mn ) တို့ပါဝင်သဖြင့်အပင်အတွက်ကြံ့ခိုင်မှုစွမ်းရည်ပိုမိုကောင်း မွန်သည့်အပြင်ဆေးအာနိသင်ကိုလည်းတာရှည်စွာထိမ်းထားနိုင်စွမ်းအား တိုးတက်လာပါသည်။သီးနံပင်များ၏ဇီဝဗေဒဖြစ်စဉ်ပိုမိုကောင်းမွန်သည်။သီးနှံ ပင်များအတွက်အနည်းလိုအာဟာရဒြပ်စင်ပါဝင်သောမှိုသတ်ဆေးဖြစ်ပါသည်။ ဆိုးဝါးသောရာသီဉတုအခြေအနေမျိုးတွင်ပက်ဖျန်းပေးခြင်းဖြင့်မှိုရောဂါမကျ ရောက်စေရန်ကာကွယ်နိုင်စွမ်းရှိပါသည်။

ဆေးနှုန်းထား : ရေ ( ၁၆ ) လီတာဆန့်ဆေးဖျန်းပုန်းတစ်ပုန်းလျှင်ဆေးမှုန့် ( ၄၀ ဂရမ် မှ ၆၀ ဂရမ် )နှုန်းထည့်သွင်းကာသီးနှံပင်ကိုနှံ့စပ်စွာပက်ဖျန်းအသုံးပြုပါ။