ကျွန်ုပ်တို့အကြောင်း၏ထုတ်ကုန်များ


ကျွန်ုပ်တို့အကြောင်း၏ထုတ်ကုန်များအား​​ အောက်တွင်လေ့လာနိုင်ပါသည်။


Map Faster 5% WDG

ဘင်ဂို ၂၀%ဒဗလျူပီ

ပေါင်းသတ်​ဆေး

Bispyribac 20% WP


Bigrole 200 SC

Amine Spray 860 SL

ပေါင်းသတ်​ဆေး

2-4-D Dimethyl Ammonium 860 SL

Colam 247 SC

ကလစ် ၃၂%ဒဗလျူပီ

ပေါင်းသတ်​ဆေး

32 WP Quinclorax 28% + Bensulfuron-methyl 4%

Kungfu 2.5% EC

Map Capo 6.9% EC

ပေါင်းသတ်​ဆေး

မက်ကက်ပို ၆.၉%W/V


Block 5% SG

စူပါတော့ပ် ၅၀%အက်စ်စီ

ပေါင်းသတ်​ဆေး

Altrazine 50% SC


Map Mitten 1.8% EC

ခရက်(ဇ်) ၃၃%အီးစီ

ပေါင်းသတ်​ဆေး

Pendimethalin 33% EC


Sniper 25% WDG

ကွီး ၁၀%အီးစီ

ပေါင်းသတ်​ဆေး

Quizalofop-P-ethyl 10% EC


Super Yami 10% WP

ခေး ၂၅%SL

ပေါင်းသတ်​ဆေး

Fomesafen 25% SL


×

Bingo 20% WP

Bingo 20% WP

ဘင်ဂို ၂၀% ဒဗလျူပီ

Active Ingredient : Bispyribac Sodium 20% WP

ဆေးအာနိသင် : စပါးခင်းအတွင်းအသုံးပြုသည့်ရွေးချယ်ပေါင်းသတ်ဆေးဖြစ်ပါသည်။ ပင်လုံးပြန့်အာနိသင်ရှိသည်၊ ပေါင်းပင်၏အရွက်နှင့်အမြစ်များမှစုပ်ယူသည်။ Post emergence herbicide ဖြစ်ပါသည်။အပင်ကြီးထွားမှုအတွက်လိုအပ်သော၊အပင်အင်ဇိုင်းများဖြစ်ပေါ်မှုကိုနှောင့်ယှက် ကာတစ်သျူးအတွင်းသားထဲသို့ဆေးအာနိသင်ရောက်ရှိစေပြီး၊ပေါင်းပင်များအား သေဆုံး စေပါသည်။

အသုံးပြုပုံ : တိုက်ရိုက်အစေ့ချစပါးခင်းများတွင်အသုံးပြုနိုင်ပါသည်။စပါးမစိုက်မှီပေါင်းမြက်များ ကြီးထွားမှုရပ်တန့်ဘို့အတွက်လည်းသုံးကြပါသည်။ပေါင်းမြက်များအရွက် ( ၃ - ၄ ) ရွက် ထွက်ချိန်တွင်အသုံးပြုနိုင်ပါသည်။ပျိုးခင်းစိုက်ခင်းများတွင်အသုံးပြုနိုင်ပါသည်၊

နှိမ်နင်းနိုင်သည့် အဓိကပေါင်းပင် : စပါးခင်းအတွင်းဆိုးဝါးစွာပေါက်သော ( စပါးယောင် ၊တက်ပွတ် ) မြက်များကို ကောင်းကောင်းနိုင်နင်းပါသည်၊ ရာသီအလိုက်ပေါက်သောမြက်၊မုံညှင်းနှင့်ရွက်ပြးပေါင်းများကို နိုင်နင်းပါသည်။အထူးသဖြင့် ( Echinochola spp ) ဖြစ်သည့်ဘဲစာ၊မြက်သီး၊မြက်ချိုတို့အားနိုင်နင်းပါသည်။ထိုံပြင်ဘောမြက်များနုစဉ် တွင်နှိမ်နင်းနိုင်သည်။

အားသာချက် :ဘင်ဂိုပေါင်းသတ်ဆေးသည် စပါးခင်းအတွင်းဆေးဖျန်းချိန်ကာလ ( Intervial Time )တာရှည်ပါသည်။

အသုံးပြုရန်နှုန်းထား : ရေ (၁၆ ) လီတာဆန့်ဆေးဖျန်းပုန်းတစ်ပုန်းလျှင် ဆေးမှုန့် ( ၃၀ ) ဂရမ်ထည့်ကာပက်ဖျန်းပါ။

သတိပြုရန်အချက်များ :

  • အသုံးပြုသည့်ရေသည် အမှုန်အမွှား၊အမှိုက်သရိုက်မပါစေရပါ။
  • ရေကြည်ရေသန့်ကိုသာအသုံးပြုပါ။
  • ပေါင်းသတ်ဆေးတစိမျိုးတည်းကိုသာသီးသန့်ထည့်သွင်းအသုံးပြုပါ၊ (ဆေးဖျန်ပုန်းအားသီးသန့်ထားပါ)
  • ဆေးဖျန်းနေစဉ် အစားအသောက်မစားပါနှင့်၊
  • အကာအကွယ်ပစ္စည်းများကိုလုံခြုံစွာဝတ်ဆင်အသုံးပြုပါ။
  • သတ်မှတ်ထားသည့်အညွှန်းအတိုင်းဆေးပမာဏကိုသာထည့်သွင်းပါ။
  • အသုံးမပြုမှီဆေးညွှန်းကိုသေချာစွာဖတ်ရှုပါ။

×

Click 32 WP

Click 32 WP

ကလစ် ၃၂% ဒဗလျူပီ

Active Ingredient : Quinclorax 28% + Bensulfuron - methyl 4%

ပေါင်းသတ်ဆေးအာနိသင် : စပါးခင်းအတွင်းအသုံးပြုသည့်ရွေးချယ်ပေါင်းသတ်ဆေးဖြစ်ပါသည်။ ပေါင်းပင်များသည်ဆေးနှင်ထိတွေ့ပါကအရွက်နှင့်အမြစ်များမှစုပ်ယူပါသည်။ ဆေပက်ပြီးအပင်များ၏အမြစ်များကြီးထွားမှုအားနှောင့်ယှက်သဖြင့်ပေါင်းပင်များလျင်မြန်စွာညှိုးပြီးသေဆုံးစေပါသည်။Cell Wall တည်ဆောက်မှုကိုဆေးပက်ပြီး ( ၆ ) နာရီအတွင်း ( ၆၀ - ၇၅ ) ရာခိုင်နှုန်းအထိလျော့ကျစေသည်။ ပင်လုံးပြန့်အာနိသင်ရှိပါသည်။

အသုံးပြုပုံ : တိုက်ရိုက်စိုက်စပါးစိုက်ခင်းများ၊ ရွေ့ပြောင်းစိုက်ပျိုးသည့်စိုက်ခင်းများတွင်အသုံးပြုနိုင်ပါသည်။ ( Pre and Post herbicide ) ဖြစ်ပါသည်။ တနှစ်ခံမြက်များ၊မြက်မုံညှင်းများကိုနိုင်နင်းပါသည်။ တိုက်ရိုက်စိုက်ခင်းများတွင်စိုက်ပြီး ( ၁၀ - ၁၄ ) ရက်အတွင်းအသုံးပြုနိုင်သည်။ထို့ပြင်ရွေ့ပြောင်းစိုက်ခင်းများတွင်လည်း ( ၁၀ - ၁၄ ) ရက်အတွင်း အသုံးပြုနိုင်ပါသည်။

နှိမ်နင်းနိုင်သည့် အဓိကပေါင်းပင် : မြက်သီး ပေါင်းပင် ( Echinochloa spp ) ကိုနှိမ်နင်းနိုင်ပါသည်။ မြက်သီး၊မြက်ချို၊ဝမ်းဘဲစာ တို့ကိုနိုင်နင်းပါသည်။ မြက်မုံညှင်းတစ်ချို့နှင့် ရွက်ပြားပေါင်းအချို့ကိုသေစေပါသည်။

အားသာချက် : ကလစ်ပေါင်းသတ်ဆေးသည်ပေါင်းကိုသေစေသည့်အစွမ်းသတ္တိရှိဆေးအာနိသင်နှစ်မျိုးပေါင်းစပ် ထားသောပေါင်းသတ်ဆေးဖြစ်ပါသည်၊မြက်သီးအထူးသတ်ဆေးဖြစ်သည့်အပြင်စပါးပငိထိခိုက် လောင်ကျွမ်းခြင်းမဖြစ်ပါ၊ဆေးအာနိသင်ပြသမှုလျှင်မြန်ပါသည်။

အသုံးပြုရန်နှုန်းထား : ရေ ( ၂၀ ) လီတာဝင်ဆေးဖျန်းပုန်းတစ်ပုန်းလျှင် ကလစ် ဆေးမှုန့် ( ၄၀ - ၆၀ ) ဂရမ် ထည့်သွင်းကာအသုံးပြုပါ။

သတိပြုရန်အချက်များ : ပေါင်းသတ်ဆေးများကိုမသုံးမှီအသုံးပြုရန်ဆေးညွှန်းကိုသေချာစွာဖတ်ရှုကာအညွှန်းအတိုင်း လိုက်နာဆောင်ရွက်ကြပါရန်။

×

စပါးပေါင်းသတ်ဆေး မက်ကက်ပို

Map Capo 6.9% EC

မက်ကက်ပို ၆.၉% W/V

Active Ingredient : Fenoxaprop - P - Ethyl 6.9% W/V

ဆေးအာနိသင် : ရွေးချယ်ပေါင်းသတ်ဆေးဖြစ်ပါသည်။ ပေါင်းပင်များ၏အရွက်နှင့်ပင်စည်များမှစုပ်ယူကြသည်။ အစာရေကြောစည်းမှတဆင့်တစ်ပင်လုံးသို့ပြန့်နှံ့ကြပါသည်။ ပေါင်းပင်များ၏ကြီးထွားနေဆဲတစ်သျူး ( Meristem tissue ) မှ ( Fatty acid ) အားထိမ်းချုပ်ထားပါသည်။

အသုံးပြုပုံ : တိုက်ရိုက်စပါးခင်းများ၊ ရွေ့ပြောင်းစိုက်သည့်စပါးခင်းများတွင်အသုံးပြုနိုင်ပါသည်။ ရွေ့စိုက်ပြီး ( ၅ - ၁၅ ) ရက်အတွင်အသုံးပြုနိုင်ပါသည်။ ရွေးချယ်ပေါင်းသတ်ဆေး ဖြစ်သည်။ ( Post Emergence ) အဖြစ်အသုံးပြုနိုင်သည်။ ( Early Post ) အနေဖြင့်ပေါင်းရွက် ( ၃ - ၅ ) ရွက် ထွက်ချိန်တွင်အသုံးပြုနိုင်ပါသည်။

နှိမ်နင်းနိုင်သည့် အဓိက ပေါင်းပင် : ( Leptochloa chinesis ) ဒေါင်းမြီးပျံ (ဒေါင်းမြီးပျံ၊မြက်ခါး၊မြက်စပ်)၊ လက်သဲခွ၊လက်သဲစောင်း တို့ကိုနိုင်နင်းပါသည်။ ဒေါင်းမြီးပျံအထူးပေါင်းသတ်ဆေးဖြစ်ပါသည်။လယ်များတွင်အများဆုံးတွေ့ရှိရပါသည်။

အားသာချက်များ :မက်ကက်ပိုပေါင်းသတ်ဆေးသည်မြေဆီလွှာထဲတွင်ဓါတ်ပြိုကွဲမှုမြန်ဆန်ပါသည်။ နောက်စိုက်ပျိုးမည့်စေ့ရွက်ထီးပင်၊စေ့ရွက်စုံပင်များအပင်ပေါက်ရန်အတွက်လွှမ်းမိုးမှုမရှိပါ။

အသုံးပြုရန်နှုန်းထား : ရေ ( ၂၀ ) လီတာဝင်ဆေးဖျန်းပုန်းတစ်ပုန်းလျှင်ဆေးရည်ပမာဏ ( ၃၀ စီစီ မှ ၄၀ စီစီ ) ထည့်သွင်ကာ အသုံးပြုပက်ဖျန်းပါ။

သတိပြုရန်အချက်များ : ပေါင်းသတ်ဆေးများကိုအသုံးပြုရာတွင်အသုံးပြုရန်ဖော်ပြထားသည်ဆေးအညွှန်းများကိုဖတ်ရှုပြီးမအညွှန်းတွင်ဖော်ပြထားသည့်အတိုင်းအသုံးပြုကြပါရန်။

×

Supertop 50% SC

Supertop 50% SC

စူပါတော့ပ် ၅၀% အက်စ်စီ

Active Ingredient : Altrazine 50% SC

ပေါင်းသတ်ဆေးအာနိသင် : ပေါင်းပင်၏အရွက်နှင့်အမြစ်များမှတိုက်ရိုက်စုပ်ယူကြသည်၊ကြီးထွားနေဆဲပေါင်းပင်များ၏အစိတ်အပိုင်းများအားနှောင့်ယှက်ဖျက်ဆီးခြင်းဖြင့်ပေါင်း ပင်များကိုသေဆုံးစေပါသည်။ပင်လုံးပြန့်အာနိသင်ရှိသည်။ရွက်ပြားပေါင်းများနှင့်မြက်အချို့အားအလင်းရောင်ဖြင့် အစာချက်လုပ်ခြင်းကိုဟန့်တားနှောင့်ယှက်ကြပါသည်။ရွက်ပြားပေါင်းများနှင့်မြက်အချို့တို့ကိုနိုင်နင်းပါသည်။ ပေါင်းပင်၏ ရွက်ဟောင်းများသည်ရွက်သစ်များထက်ဆေးအာနိသင်ကိုမခံနိုင်ချေ။ အမြစ်များ၏ကြီးထွားနေမှုကိုမနှောင့်ယှက်ကြချေ။

အသုံးပြုပုံ : ဤပေါင်းသတ်ဆေးအားရွက်ပြားပေါင်းနှင့်မြက်များကိုနှိမ်နင်းရန်အတွက်အသုံးပြုကြသည်ပြောင်းသီးနှံများ၊ကြံစိုက်ခင်းများနှင့်နှံစားပြောင်းစိုက်ခင်းများတွင်အသုံးပြုကြသည်။ပေါင်းမျိုးစေ့ များအညှောင့်မပေါက်မှီနှင့်ပေါင်းပေါက်ပြီးနောက်ပိုင်းတွင်အသုံးပြုနိုင်ပါသည်။ပြောင်းကြံတို့က်ုထိခိုက်မှုမရှိစေဘဲစိုက်ခင်းအတွင်း ပေါက်ရောက်နေသောရွက်ပြားပေါင်းများနှင့်မြက်များကိုသာသေဆုံးစေပါသည်၊ရွေးချယ်အာနိသင်ရှိသည့်ပေါင်းသတ်ဆေးဖြစ်သည်။

ဆေးနှုန်းထား : ရေ (၁၆ ) လီတာဆန့် ဆေးဖျန်းပုန်းတစ်ပုန်းလျှင်ပေါင်းသတ်ဆေးရည် ( ၁၅၀ ဂရမ်မှ၂၀၀ ဂရမ် )ထည့်သွင်းတစ်ဧကအားဆေးဖျန်းပုန်း အနည်းဆုံး ( ၅ ပုန်း မျ ၇ ပုန်းထိ ) ပက်ဖျန်းပါ။

×

Crux 33% EC

Crux 33% EC

ခရက်(ဇ်) ၃၃% အီးစီ

Active Ingredient : Pendimethalin 33% EC

ဆေးအာနိသင် : ပေါင်းပင်၏အညွန့်အရွက်များနှင့်အမြစ်များမှဆေးကိုတိုက်ရိုက်စုပ်ယူကြသည်။ဆဲလ်များရှည်ထွက်ခြင်း၊ကွဲပွားခြင်းဖြင့်အမြစ်နှင့်အညွန့်များကိုတိုက်ခိုက်ကာ ပေါင်းပင်များကိုသေဆုံးစေသည်။တစ်နှစ်ခံမြက်များ၊ရွက်ပြားပေါင်းများကိုသေဆုံးစေပါသည်။ရွေးချယ်ပေါင်းသတ်ဆေး ဖြစ်ပါသည်။

အဓိကနှိမ်နင်းနိုင်သည့်ပေါင်းများ : ဝမ်းဘဲစာ၊မြက်သီးမြက်ချို၊လေးခွမြက်နှင့် တစ်နှစ်ခံရွက်ပြားပေါင်းများကိုနိုင်နင်းပါသည်။

အသုံးပြုပုံ : ကြက်သွန်နီ ၊ကြက်သွန်ဖြူ၊ ဝါ၊မြေပဲ၊နေကြာ စိုက်ခင်းများတွင်အသုံးပြုနိုင်ပါသည်။ ဂျုံအာလူးငရုပ်သီးနှံခင်းများကိုလည်းအသုံးပြုနိုင်ပါသည်။ ပေါင်းပင်များမပေါက်ရောက်မှီနှင့်ပေါင်းပင်များပေါက်ပြီးနောက်ပိုင်းတွင်အသုံးပြုနိုငိပါသည်။( Pre and Post emergence )ဖြစ်သည်။ ( Early Post )အနေဖြင့်လည်းအသုံးပြုနိုင်သည်။

ဆေးနှုန်းထား : ရေ ( ၁၆ ) လီတာဆန့်ဆေးဖျန်းပုန်းတစ်ပုန်းလျှင်ဆေးရည် ( ၁၅၀ စီစီမှ ၂၀၀ စီစီ ) ထိထည့်သွင်းအသုံးပြုပါ။

မှတ်ချက် : တိုက်ရိုက်ကြဲစပါးခင်းများတွင်စပါးကြဲပြီး ( ၅ရက်မှ ၈ ရက် ) အကြာတွင်အသုံးပြုနိုင်ပါသည်။ ကြက်သွန်စိုက်ခင်းများဖြစ်သည့်ဉစိုက်ခင်းများတွင်လည်းအသုံးပြုနိုင်ပါသည်။

သတိပေးချက် : ပေါင်းသတ်ဆေးများကိုအသုံးပြုရာတွင်မသုံးမှီဆေးညွှန်းကိုသေချာစွာဖတ်ရှုပြီးမ၊အညွှန်းတွင်ဖော်ပြထားသည့်အတိုင်းအသုံးပြုကြပါရန်။

×

Quee ကွီး မြက်သတ်ဆေး

Sniper 25% WDG

ကွီး ၁၀% E C

Active Ingredient : Quizalofop - P -ethyl 10 % W / V

ပေါင်းသတ်ဆေးအာနိသင် : ပင်လုံးပြန့်အာနိသင်ရှိသည့်ရွေးချယ်ပေါင်းသတ်ဆေးဖြစ်ပါသည်။ အရွက်မျက်နှာပြင်မှစုပ်ယူကာ၊အပင်တွင်းသို့ရောက်သွားသည်။ပေါင်းပင် များမှဆေးစုပ်ယူမှုမြန်ဆန်သည်။ ( ၅ -၇ ) ရက်အကြာတွင်ပေါင်းသတ်ဆေး အဆိပ်သင့်မှုလက္ခဏာကိုတွေ့မြင်ရသည်။( ၁၀ ) ရက်ခန့်ကြာပါကပေါင်းပင် များသေဆုံးသွားသည်။

နှိမ်နင်းနိုင်သည့်ပေါင်းများ : " ရွက်ပြန့်" သီးနှံများတွင်ပေါက်ရောက်နေသည့်"မြက်"ပေါင်းများကို နိုင်နင်းပါသည်။ "တစ်နှစ်ခံမြက်နှင့်ရာသီချိန်ပေါက်သည့်မြက်"များကို ထိရောက်စွာကာကွယ်နှိမ်နင်းနိုင်ပါသည်။

အသုံးပြုပုံ : ငရုပ် နှမ်း မြေပဲ ဂေါ်ဖီ ကြက်သွန် ပဲပုပ် သီးနှံစိုက်ခင်းများတွင်အသုံးပြုနိုင်ပါသည်။ သီးနှံစိုက်ပျိုးပြီး ( ၁၀ - ၁၅ ) ရက်အတွင်းအသုံးပြုရန်ဖြစ်ပါသည်။

ဆေးနှုန်းထား : ရေ ( ၁၆ ) လီတာဆန့်ဆေးဖျန်းပုန်းတစ်ပုန်းလျှင်ဆေးရည် ( ၂၀ _ ၄၀ )စီစီ ထည့်သွင်းကာအသုံးပြုနိုင်ပါသည်။သီးနှံမစိုက်မှီမြေပြင်တွင်မြက်ပေါင်းများ သတ်လိုပါက တစ်ဧကလျှင်ဆေးရည် ( ၂၀ ) လီတာအထိအသုံးပြုပါ။

မှတ်ချက် :

  • အပူချိန်မြင့်မားလွန်းပြီးအစိုဓါတ်ခမ်းခြောက်နေပါကအသုံးမပြုပါနှင့်။
  • မကြာမှီ ( ၃ ) နာရီအတွင်းမိုးရွာမည်ဆိုပါက အသုံးမပြုရ။
  • ပေါင်းရွက်စစ် သုံးရွက်ထွက်ချိန်တွင်အသုံးပြုပါ။
  • သခွားမျိုးရင်းဝင်သီးနှံများတွင် "မြက်" ပေါင်းပင် ကိုသတ်လိုပါကရွက်စစ် ( ၅ ) ရွက်ကျော်မ အသုံးပြုပါ။

သတိပြုရန်အချက်များ : ပေါင်းသတ်ဆေးများအသုံးပြုရာတွင်အသုံးမပြုမှီဆေးအညွှန်းကိုသေချာစွာ ဖတ်ရှုပြီး၊အညွှန်းတွင်ဖော်ပြထားသည့်အတိုင်းလိုက်နာဆောင်ရွက်ရန်ဖြစ်ပါသည်။

×

ရွက်ပြန့် "ပေါင်းသတ်ဆေး" ခေး

Sniper 25% WDG

Khay ခေး ၂၅% SL

Active Ingredient : Fomesafen 25 % SL

ပေါင်းသတ်ဆေးအလုပ်လုပ်ပုံ : ဆေးဖျန်းထားသည့်ပေါင်းပင်၏အရွက်မှစုပ်ယူကာအပင်တွင်းသို့ လျှင်မြန်စွာရောက်ရှိသွားသည်။အပင်၏ xylem အတွင်းသို့ရောက်ရှိိ သွားသည်။ ( ၁ - ၃ ) ရက်အတွင်းအခြောက်ခံထားသလိုဖြစ်ကာပေါင်း ပင်များသေဆုံးသွားသည်။တစ်နှစ်ခံရွက်ပြားပေါင်းများ ( Broad leaf weeds ) ကိုသေဆုံးစေပါသည်။

ပေါင်းသတ်ဆေးအာနိသင် : ခေးပေါင်းသတ်ဆေးသည်ထိသေအာနိသင်ရှိပါသည်။သို့ဖြစ်ပါ၍ဆေးပက် ဖျန်းရာတွင်ပေါင်းပင်များအားလုံးကိုနှံ့စပ်အောင်ပက်ဖျန်းပေးရန်လိုပါသည်။ ဆေးနှင့်ထိတွေ့သောရွက်ပြန့်ပေါင်းများကိုလျှင်မြန်စွာသေဆုံးစေသည်။၊

အသုံးပြုသီးနှံ : မတ်ပဲ ပဲတီစိမ်း ပဲပုပ် စိုက်ခင်းများတွင်ပေါက်ရောက်နေသည့်"ရွက်ပြန့်ပေါင်း"များကို ထိရောက်စွာနှိမ်နင်းနိုင်ပါသည်။စိုက်ပျိုးသောသီးနှံခင်းများအတွက် အန္ဂာရာယ်မရှိချေ။သီးနှံပင်များကိုလောင်ကျွမ်းခြင်းမရှိဘဲရွက်ပြန့်ပေါင်း များကိုသာသေဆုံးစေသည်။

အသုံးပြုပုံ : မတ်ပဲ၊ ပဲတီစိမ်း၊ပဲပုပ် သီးနှံများစိုက်ပျိုးပြီးပဲပင်၏ရွက်စစ် (True leaf ) ၊ ( ၂ - ၃ ) ရွက်ထွက်ချိန်တွင်အသုံးပြုနိုင်ပါသည်။သို့မဟုတ်ရွက်ပြန့်ပေါင်းများ (၂ - ၄ ) ရွက်ထွက်ချိန်တွင်အသုံးပြုနိုင်ပါသည်။သီးနှံပင်များစိုက်ပျိုးပြီး ( ၁၄ - ၂၈ ) ရက်အတွင်းအသုံးပြုရန်ဖြစ်ပါသည်။ဆေးပက်ရာတွင်ပေါင်းပင် များကိုဆေးစက်များထိရောက်ရန်လိုအပ်ပါသည်။

အားသာချက် : ဆေးဖျန်းပြီး ( ၄ - ၆ ) နာရီအတွင်းမိုးရွာသော်လည်းဆေးအာနိသင်မလျော့ပါ။ ပဲပုပ်သီးနှံများတွင် ( Post emergence ) အဖြစ်အသုံးပြုနိုင်ပါသည်။ ပေါင်းသတ်ဆေးအာနိသင်သည်ပေါင်းပင်များအတွင်းလျှင်မြန်စွာရောက်ရှိကာ သေဆုံးမှုမြန်ဆန်ပါသည်။

ဆေးနှုန်းထား : ရေ ( ၁၆ ) လီတာဆန့်ဆေးဖျန်းပုန်းတစ်ပုန်းလျှင် ခေးပေါင်းသတ်ဆေးရည် ( ၆၀ - ၈၀ ) စီစီထည့်သွင်းကာတစ်ပင်လုံးနှံ့စပ်အောင်ပက်ဖျန်းပါ။

သတိပြုရန်အချက်များ : ပေါင်းသတ်ဆေးများကိုပက်ဖျန်းရာတွင်အသုံးမပြုမှီဆေးညွန်းကိုသေချာစွာ ဖတ်ရှုပြီးမှအညွှန်းတွင်ဖော်ပြထားသည့်အတိုင်းလိုက်နာဆောင်ရွက်ရန်လို အပ်ပါသည်။