ကျွန်ုပ်တို့အကြောင်း၏ထုတ်ကုန်များ


ကျွန်ုပ်တို့အကြောင်း၏ထုတ်ကုန်များအား​​ အောက်တွင်လေ့လာနိုင်ပါသည်။


Map Faster 5% WDG

မက်ဖက်စတား5%ရေဖျော်ဆေးခဲ

ပိုးသတ်​ဆေး

Emamectin Benzoate 5% WDG



Bigrole 200 SC

ဘစ်ရိုး ၂၀၀အက်စီ

ပိုးသတ်​ဆေး

Ethiprole 200 SC




Colam 247 SC

ကိုလန်း ၂၄၇အက်စ်စီ

ပိုးသတ်​ဆေး

COLAM 247 Sc Thiamethoxam 141 g/l W/V+Lambda Cyhalothrin 104 g/l W/V

Kungfu 2.5% EC

Kungfu 2.5% EC

ပိုးသတ်​ဆေး

Lambda Cyhalothrin 2.5% EC


Block 5% SG

ဘလော့ ၅%အက်စ်ဂျီ

ပိုးသတ်​ဆေး

Emamectin Benzoate 5% SG


Map Mitten 1.8% EC

မက်မီတင် ၁.၈%အီးစီ

ပိုးသတ်​ဆေး

Abamectin 1.8% EC


Sniper 25% WDG

စနိုက်ပါ ၂၅%ဒဗလျူဒီဂျီ

ပိုးသတ်​ဆေး

Thiamethoxam 25% WDG


Super Yami 10% WP

စူပါရာမီ 10%ဒဗလျူပီ

ပိုးသတ်​ဆေး

Imidacloprid 10% WP


×

Map Faster 5 % WDG

Map Faster 5 % WDG

မက်ဖက်စတား 5 % ရေဖျော်ဆေးခဲ

Active Ingredient : Emamection benzoate 5 % WDG

အာနိသင် : ပင်လုံးပြန့်အာနိသင်မရှိပါ။ထိသေစားသေအ စွမ်းသတ္တိရှိသည်။အရွက်အတွင်းသို့ထိုးဖောက်စိမ့်ဝင်နိုင်သောအစွမ်းရှိပါ သည်။အစာစားမိပြီးနှစ်ရက်အတွင်းမှလေးရက်အတွင်းသေဆုံးသည်။

အသုံးပြုနိုင်သည့်သီးနှံများ : စပါး၊ဝါ၊စပျစ်၊ကုလားပဲ၊ခရမ်း၊ခရမ်းချဉ် အာလူး၊ကြက်သွန်၊ငရုပ်၊ပန်းဂေါ်ဖီ၊ဟင်းသီးဟင်းရွက်သီးနှံများ၊ဖရဲ၊သခွားမွှေး၊ ရုံပတီ၊ပဲသီးတောင့်များ၊ ပဲတီစိမ်း၊မတ်ပဲ၊ပဲပုပ်စသည့်သီးနှံများ။

နှိမ်နင်းနိုင်သည့်ဖျက်ပိုးများ : စိန်ကွက်ဖလံ၊စပါးဆစ်ပိုး၊စပါးရွက် လိပ်ပိုး၊သီးလုံးဖောက်ပိုးများ၊ပျများ၊မွှားပင့်ကူနီများ၊ စကေးအင်းဆက်၊လှေးပိုး၊ ခေါင်ညွန့်ထိုးပိုး၊ငမြှောင်တောင်၏ဉများနှင့်လောက်ကောင်အဆင့်ဆင့်ပိုးများ၊ ရွက်ထွင်းပိုးများ၊ပျပိုးများ။

အသုံးပြုပုံ : ရေ ၁၆ လီတာဆန့် ဆေးဖျန်းပုန်းတစ်ပုန်းလျှင် ဆေးမှုန့် ( ၂၀ ဂရမ် မှ ၃၀ ဂရမ် ) အထိ ထည့်သွင်းအသုံးပြုပက်ဖျန်းပါ။

အားသာချက်များ : ဆေးနှင့်ထိတွေ့ပါကအစာစားလိုစိတ်ကုန်ခမ်း ခြင်း။ ပိုးသတ်ဆေးဓါတ်ကြွင်းအာနိသင်နည်းခြင်း၊သီးနှံပင်များကိုလောင်ကျွမ်း မှုမရှိခြင်း၊ဆေးအစွမ်းသတ္တိမြင့်မားခြင်း၊ရေတွင်ကောင်းစွာပျော်ဝင်စေခြင်း၊လိပ် ပြာဖလံမျိုးရင်းဝင်ဖျက်ပိုးများအားဉဘဝမှစကာအကောင်ကြီးအဆင့်ဆင့်ကို ထိရောက်စွာနှိမ်နင်းနိုင်ခြင်း။

×

Bigrole 200 SC

Bigrole 200 SC

ဘစ်ရိုး ၂၀၀ အက်စီ

Active Ingredient : Ethiprole 200 SC

Group : Phenylpyrazole insecticide

နှိမ်နင်းနိုင်သောဖျက်ပိုးများ : ဖြုတ်ပိုးများ ၊ လှေးပိုးများ၊ ယင်ကောင်များ၊ ကျိုင်းကောင်များ၊ လိပ်ပြာဖလံလောက်ကောင်များ၊ ရွက်ထွင်းပိုးများစပါးနှံစုပ်ပိုးများ၊ယင်ဖြူ၏အချို့သောမျိုးစိတ်များ၊ ပျများ၊ အစေ့အဆန်ကိုစုပ်စားသောဂျပိုးများ၊ စုပ်စားပိုးများပိုးများအားနိုင်နင်းပါသည်။

အလုပ်လုပ်ပုံ : ဆေးပက်ဖျန်းထားသောအပင်အစိတ်အပိုင်းများကိုစားသောက်မိခြင်း၊ ဆေးစက်များနှင့်ထိတွေ့မိပါကဖျက်ပိုးများ၏အလယ်နဗ်ကြောရိုးကိုတိုက်ခိုက်ခြင်းဖြင့်ဖျက်ပိုးများသေဆုံးစေပါသည်။ဤဆေးသည်အင်းဆက်ဖျက်ပိုးများအတွက်အဆိပ်အာနိသင်ထိရောက်မှုအားကောင်းပါသည်။

အားသာချက်မျာ :

  • အခြားသောဆေးအုပ်စုဝင်ပိုးသတ်ဆေးများကိုခံနိုင်ရည်ရှိသောဖျက်ပိုးများကိုလွယ်ကူစွာနှိမ်နင်းနိုင်ပါသည်။
  • အင်းဆက်ဖျက်ပိုးများကိုနှိမ်နင်းရန်အတွက်ဆေးနှုန်းထားအနည်းငယ်ကိုသာအသုံးပြုရသဖြင့်ကုန်ကျစရိတ်သက်သာစေပါသည်။
  • ဤဆေးသည်ဖျက်ပိုးများမလာရောက်စေရန်တွန်းလှန်နိုင်သောစွမ်းရည်သတ္တိရှိပါသည်။
  • အပင်တွင်းတွင်ဆေးအာနိသင်တာရှည်စွာနေနိုင်စွမ်းရှိပါသည်။
  • ကျောရိုးရှိသတ္တဝါများထက်အင်းဆက်ဖျက်ပိုးများကိုသာရွေးချယ်ပြီးအဆိပ်သင့်စေပါသည်။
  • Integrated Pest Management နည်းစနစ်များတွင်ထည့်သွင်းကာအသုံးပြုနိုင်ပါသည်၊

သုံးစွဲပုံ : သီးနှံစိုက်ခင်းများတွင်ကျရောက်ဖျက်ဆီးသည့်ကိုက်ဖြတ်ဝါးစားပိုးများ၊ စုပ်စားပိုးများကိုနှိမ်နင်းရာတွင် အသုံးပြုနိုင်ပါသည်၊ အစေ့အဆန်များကိုစုပ်ယူစားသောက်သောစုပ်စားပိုးများ၊ ပင်ရည်ကိုစုပ်ယူကာ ဖျက်ဆီးသည့်ပိုးများ၊ အနံ့ဆိုးများထွက်သောဂျပိုးများကိုနှိမ်နင်းရာတွင်အသုံးပြုနိုင်သည်၊ယင်ကောင်မျိုးရင်ဝင်များ၊ လိပ်ပြာဖလံမျိုးရင်းဝင်များ၊အတောင်မာသောကျိုင်းမျိုးရင်းဝင်များ၊ဂျပိုးအုပ်စုဝင်များ၊ လှေးအုပ်စုဝင်များ၊ချအုပ်စုဝင်များကိုနှိမ်နင်းရာတွင်အသုံးပြုနိုင်ပါသည်။

အသုံးပြုရန်နှုန်းထား : ရေ (၂၀ ) လီတာဝင်ဆေးဖျန်းပုန်းတစ်ပုန်းလျှင်ဆေးရည် ( ၁၅ စီစီ မှ ၂၀ စီစီ ) ထည့်သွင်းအသုံးပြုပါ။

×

Colam 247 SC

Colam 247 SC

ကိုလန်း ၂၄၇ အက်စ်စီ

Active Ingredient : Thiamethoxam 141 gm / lit + Lambda Cyhalothrin 106 gm / lit W/V

သုံးစွဲပုံ : AI နှစ်မျိုးပေါင်းစပ်ထားခြင်းဖြစ်ပါသည်။
Neonicotnoid အုပ်စုနှင့် Pyrethroid အုပ်စု တို့ ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။
မြေတွင်းအောင်းပိုးများ၊သီးနှံပင်ပေါ်တွင်ကျရောက်သောဖျက်ပိုးများကိုနိုင်နင်းသည်။ အဆိပ်ငွေ့အာနိသင်ရှိသဖြင့်အပင်ပေါ်တွင်ပုန်းခိုနေသောဖျက်ပိုးများအတွက်သင့်တော် ပါသည်။
ဘူးဖယုံ၊ငရုပ်၊ဖရဲ၊အာလူး၊သခွား၊ကြက်သွန်၊ကြံ၊ရှောက်သံပုရာ၊ဌက်ပျော၊ဟင်းသီး ဟင်းရွက်၊ပဲမျိုးစုံ၊ဆီထွက်သီးနှံများ၊မုံလာထုပ်,စပါး,ဝါ,နေကြာစသည့်သီးနှံများတွင် အသုံးပြုနိုင်ပါသည်။
ဖျက်ပိုးများဖြစ်သည့် ဂျပိုးများ၊ ပင်ဖြတ်ပိုးများ၊ ငမြှောင်တောင်၊ လှေးကျိုင်းများ၊ ယင်ဖြူ၊စိန်ကွက်ဖလံများ၊မုံလာထုပ်စားပိုးများ၊အာလူးထိုးပိုး၊ကျိုင်းကောင်များ၊ ယင်များ၊လှေးပိုးများ၊ယင်ဖြူများ၊ လိပ်ပြာဖလံလောက်ကောင်များ၊ပင်ရည်စုပ်ဂျပိုးများ၊ ဖြုတ်စိမ်း၊ချပိုးများ,နှံကောင်စသည့်ပိုးများကိုနိုင်နင်းပါသည်။
သီးနှံများမစိုက်ပျိုးမှီမျိုးစေ့လူးနယ်ဆေးအဖြစ်အသုံးပြုနိုင်ပါသည်။

အသုံးပြုရန်နှုန်းထား : ရေ ၁၆ လီတာဆန့် ဆေးဖျန်ပုန်းတစ်ပုန်း တွင် ဆေးရည် ၂၀ စီစီ မှ ၃၀ စီစီ ထိရေနှင့်စနစ်တကျဖျော်စပ်ကာတစ်ဧကလျင်ဆေးဖျော်ရည်၊အနည်းဆုံးငါးပုန်း ခန့်အသုံးပြုပါ။

မှတ်ချက် : သီးနှံပင်များကိုပက်ဖျန်းရာတွင်ဆေးအာနိသင်မှာထိသေ၊စားသေဖြစ်၍၊ ဖျက်ပိုးများကိုအချိန်တိုအတွင်းလျင်မြန်စွာသေဆုံးစေပါသည်။ဘူးဖယုံ မျိုးများတွင် (P H I) Post Harvest Time သီးနံများမရိတ်သိမ်းမှီ (၃) ရက်၊ ကြက်သွန်၊ကြံ၊ရှောက်သံပုရာ သီးနှံများတွင် ( ၁၄ ) ရက်၊စပါးသီးနှံတွင် ( ၃၀ ) ရက်ထိ အသုံးပြုနိုင်ပါသည်။

×

Block 5% SG

Block 5% SG

ဘလော့ ၅% အက်စ်ဂျီ

Active Ingredient : Emamectin Benzoate 5% SG

Family : Avermectin

သုံးစွဲပုံ : ပဲမျိုးစုံသီးလုံးဖောက်ပိုးများ။ဟင်းသီးဟင်းရွက်အသီးတောင့်ထိုးပိုးများ၊ ဝါသီးလုံးဖောက်ပိုးများ၊ရုံးပတီ၊ခရမ်း၊ မုံလာထုပ်၊စပျစ်၊ခရမ်း၊ ငရုပ်၊ ကြက်သွန်၊ ခရမ်းချဉ်,မြေပဲ စသည့်သီးနှံများတွင်အသုံးပြုနိုင်ပါသည်။ လိပ်ပြာ ဖလံမျိုးရင်းဝင်အင်းဆက်ဖျက်ပိုးများကိုနှိမ်နင်းရာတွင်အလွန်ထိရောက်ကောင်းမွန်ပါသည်။မုံလာတွင်ကျရောက်သော ဖျက်ပိုးများကိုလည်းကာကွယ်နိုင်ပါသည်။

နှိမ်နင်းနိုင်သည့်ဖျက်ပိုးများ : ဥမှပေါက်ခါစလောက်ကောင်များ။ ပိုးတုံးလုံးအကောင်များ၊ သီးလုံးဖောက်ပိုးများ၊သီးတောင့်ထိုးပိုးများ၊ ငမြှောင်တောင်များ၊ ရွက်စားပိုးများ၊ စပါးစေ့ထိုးပိုးများ၊စပါးရွက်လိပ်ပိုးများ၊ကုလားပဲသီးလုံးဖောက်ပိုးများ၊ ဝါသီးလုံးဖောက်ပိုးများ၊ ခရမ်း၊ခရမ်းချဉ်သီးလုံးဖောက်ပိုးများ၊ပျများ၊မွှားပင့်ကူနီများ၊စပါးပင်စည်ထိုးပိုးများ၊ မုံလာထုပ်တွင်ကျရောက်သောစိန်ကွက်ဖလံများ၊ စပျစ်တွင်ကျရောက်သောလှေးပိုးများကိုပါမက ရွက်ထွင်ပိုးများ၊ပျများ၊ယင်ဖြူများကိုလည်းနိုင်နင်းပါသည်။

အလုပ်လုပ်ပုံ : သီးနှံပင်အားဘလော့ဆေးပက်ဖျန်းထားခြင်းလျှင် ဆေးအာနိသင်သည် အရွက်များ၏တစ်သျူးများမှတဆင့် စိမ့်ဝင်ထိုးဖောက်ခြင်း (Trans Laminar Movement) နည်းလမ်းဖြင့်အပင်တွင်းသို့လျှင်မြန်စွာရောက် ရှိသွားစေပါသည်။ နေရာင်ခြည်ဖြင့်ဓါတ်ပြိုကွဲကာ အပင်တွင်းသို့ပြန့်နှံ့သွားစေပါသည်။ပင်လုံးပြန့်အာနိသင်မရှိပါ။ ဆေးနှင့်ထိတွေ့ထားသောအပင်အစိတ်အပိုင်းများကိုစားသောက်မိခြင်း၊ သို့မဟုတ်ဆေးစက်နှင့်ထိတွေ့မှုကြောင့်ဖျက်ပိုးများ၏ခန္ဓာကိုလ်အတွင်းသို့ဆေးအာနိသင်ဝင်ရောက်သွားခြင်းဖြင့် အစာစားခြင်စိတ်လုံးဝမရှိတော့ပါ။အကြောများရုတ်တရက်ဆွဲကာနောက်ဆုံးသေဆုံးသွားကြပါသည်။ဆေးအာနိသင် ပြသမှုမြန်ဆန်ပါသည်။

အားသာချက်မျာ :

  • Semi Synthetic antibiotic ဖြစ်ပါသည်။ စွမ်းရည်သတ္တိမြင့်မားသည်။ ဖျက်ပိုးကောင်၏အကောင်ငယ်၊အကောင်ကြီးအဆင့်ဆင့်တိုင်းကိုသေစေပါသည်။ ဖျက်ပိုးများ၏ပိုးဥများကိုပါသေစေနိုင်စွမ်းရှိပါသည်၊ သီးနှံပင်များအားလောင်ကျွမ်းခြင်းမရှိပါ။ ဓါတ်ကြွင်းအာနိသင်နည်းပါးပါသည်။
  • Emamectin Benzoate သည်မြေဆီလွှာအတွင်းရှိ Actinomycete အုပ်စုဝင် Streptomyces avermitilis မှရရှိသောအဏုဇီဝပိုးသတ်ဆေးဖြစ်ပါသည်။ ဓာတုဗေဒဆေးအုပ်စုများအားခံနိုင်ရည်ရှိသောဖျက်ပိုးများအတွက်ထိရောက်စွာနိုင်နင်းစေပါသည်။ ဆေးနှုန်းထားအနည်းငယ်သာသုံးရသဖြင့်ကုန်ကျစရိတ်သက်သာစေပါသည်။

အသုံးပြုရန်နှုန်းထား : ရေ (၄) ဂါလံဝင်ဆေးဖျန်းပုန်းတစ်ပုန်းကို ဆေးမှုန့် (၂၀ ဂရမ်မှ ၃၀ ဂရမ်) ထည့်ကာပက်ဖျန်းအသုံးပြုနိုင်ပါသည်။

×

Map Mitten 1.8% EC

Map Mitten 1.8% EC

မက်မီတင် ၁.၈% အီးစီ

Active Ingredient : Abamectin 1.8% EC

Family : Avermectin (Antibiotic Group)

Controlled pests : မွှားပင့်ကူနီ၊ရွက်ထွင်းပိုး၊လှေးပိုး၊ရွက်လိပ်ပိုး၊ရွက်ထွေးပိုး၊ပုရွက်ဆိပ်၊ဂျပို၊ခြ။ပိုးဟပ်၊ပိုးစေးနှဲ၊ယင်ဖြူ၊အကြေးပိုးများကိုနိုင်နင်းပါသည်၊

အလုပ်လုပ်ပုံ : အဘာမက်တင်သည် ဖျက်ပိုးများပိုးသတ်ဆေးနှင့်ထိမိပါကနဗ်ကြောရိုးကိုအဓိကတိုက်ခိုက်ကြသည်။ဆေးနှင့်ထိမိခြင်း၊မျိုမိခြင်း၊ဆေးပက်ထားသောအစိတ်အပိုင်းများအားစားသောက်မိခြင်းတို့ကြောင့်ဗဟိုကြောရိုးမကိုထိခိုက်ကာအန္တာရာယ်ပေးကြသည်။ ဆေးအာနိသင်သည်ထိသေ၊စားသေဖြစ်သော်လည်းပင်လုံးပြန့်အာနိသင်အနည်းငယ်ရှိပါသည်။အရွက်အပေါ်မျက်နှာပြင်အသားလွှာနှစ်ခုကြားထဲသို့ထိုးဖောက်စိမ့်ဝင် ပြန့်နှံ့သော Translaminar Action ရှိပါသည်။

သီးနှံပင်အတွက်ကောင်းကျိုးမျာ :

  • အဘာမက်တင်သည်မြေဆီလွှအတွင်းရှိ Streptomyces avermitilis ဟုခေါ်ဆိုသည့် ဘက်တီးရီးယားတစ်မျိုးမှထုတ်လုပ်ထားခြင်းဖြစ်ပါသည်။အပင်တွင်းဆေးအာနိသင်သည် တာရှည်စွာနေနိုင်သည်၊သီးနှံပင်၏အရည်အသွေးတိုးတက်ကောင်းမွန်သည့်အပြင်သုံးစွဲသူအတွက် ကုန်ကျစရိတ်သက်သာစေပါသည်။အပင်တွင်းဆေးအာနိသင်ပြသမှုနှေးကွေးမှုရှိပါသည်။
  • သီးနှံမျိုးစုံတွင်အသုံးပြုနိုင်ပါသည်။အခြားပိုးသတ်ဆေးအုပ်စုများနှင်ရောစပ်ကာအသုံးပြုခြင်းဖြင့်အာနိသင်ပိုမိုပြင်းထန်စေသည့်အကျိုးရလဒ်ကိုရရှိစေပါသည်။

အသုံးပြုရန်နှုန်းထား : ရေ (၁၆) လီတာဆန့်ဆေးဖျန်းပုန်းတစ်ပုန်းလျှင်ဆေးရည် ( ၅ စီစိ မှ ၁၀ စီစီ ) ကိုထည့်သွင်းအသုံးပြုပါ။

×

Sniper 25% WDG

Sniper 25% WDG

စနိုက်ပါ ၂၅% ဒဗလျူဒီဂျီ

Active Ingredient : Thiamethoxam

Group : New Nicotinoid Compound Second Generation

Controlled pests : ပျများ၊ ယင်ဖြူများ၊လှေးပိုးများ၊ အစေ့အဆန်စုပ်ဂျပိုးများ၊ စပါးဖြုတ်ပိုးများ၊ ပိုးစေးနှဲများ၊ အာလူးတိုးပိုးကျိုင်းများ၊ လှေးသန်းများ၊ သန်ကောင်၊ရွက်ထွင်းပိုးများ၊မြေအောင်းချများ၊ မြေခွေးပုရစ်များ၊ စပ်းဖြူတ်ညိုများ၊ စုပ်စားပိုးများ၊ ငမြှောင်တောင်ထွာကောင်စိမ်းများ၊

အလုပ်လုပ်ပုံ : ဖျက်ပိုးများသည်ဆေးပက်ထားသောသီးနှံပင်၏အစိတ်အပိုင်းများအားစားသောက်မိခြင်း၊ သို့မဟုတ် သစ်ရည်ကိုစုပ်ယူခြင်းဖြင့်ခန္ဓာကိုယ်တွင်းသို့ဆေးအာနိသင်များရောက်ရှိသွားပါသည်၊ ဖျက်ပိုများသည်လည်းတဆန့်ငင်ငင်လှုပ်လှုပ်ရွရွဖြစ်လာသည့်အပြင်အကြောများဆွဲလာ၍တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်လာပြီးနောက််ဆုံးတွင်သေဆုံးသွားပါသည်။

အားသာချက်များ :

  • ဤပိုးသတ်ဆေးသည်အင်းဆက်ဖျက်ပိုးများ၏နဗ်ကြောလုပ်ဆောင်မှုများအားတိတိကျကျနှောင့်ယှက်ကြသည်။ အပင်များပေါ်တွင်တစ်ကြိမ်တစ်ခါစားသောက်ခြင်းသို့မဟုတ်ပိုးသတ်ဆေးနှင့်ထိတွေ့စေခြင်းဖြင့်ဖျက်ပိုးများ၏စားသောက်ခြင်းသည်နဂိုပုံမှန်မဟုတ်တော့ပါ။ ဖျက်ဆီးမှုများသည်လည်းလုံးဝရပ်ဆိုင်းသွားပါသည်။
  • ဤပိုးသတ်ဆေးသည်အင်းဆက်များကြီးထွားမှုအဆင့်တိုင်းအတွက်အလုပ်လုပ်ကြသည်။ ဉဘဝ၊လောက်ကောင်ဘဝ၊အကောင်ကြီးအဆင့်တိုင်းထိဆေးအာနိသင်ထိရောက်ထက်မြက်ပါသည်။ အင်းဆက်များ၏စားသောက်ပုံစံများအရစုပ်စားပိုးများသာမက၊ကိုက်ဖြတ်ဝါးစားပိုးများကိုပါထိရောက်မှုရှိပါသည်။ ပျားများအတွက်မူအန္တာရာယ်များပါသည်။အကျိုးပြုပိုးများအတွက်မူအဆိပ်သင့်မှုအားနည်းပါသည်။ အပင်ကိုကြံ့ခိုင်မှူပိုကောင်းလာကာ၊အရည်အသွေးပိုကောင်းမွန်ပြီးအထွက်တိုးစေပါသည်။

သုံးစွဲပုံ : မျိုးစေ့လူးနယ်ဆေးသာမကမြေပြင်သတ်ဆေးအနေဖြင့်လည်းသုံးနိုင်ပါသည်။ ဆေးပက်ထားခြင်းဖြင့်ဆေးအာနိသင်သည်အရွက်များမှတဆင့်အမြစ်ဆီသို့ရောက်ကာတစ်ပင်လုံးပြန့်နှံ့စေပါသည်။ စိုက်ပျိုးချိန်တွင်မြေကြီးထယ်ကြောင်းထဲသို့ထည့်သွင်းအသုံးပြုနိုင်ပါသည်။ ပင်လုံးပြန့်အာနိသင်ရှိကာ၊ထိသေစားသေပိုးသတ်ဆေးဖြစ်ပါသည်။

ဆေးနှုန်းထား : ရေ (၁၆)လီတာဆန့်ဆေးဖျန်းပုန်းတစ်ပုန်းလျှင်ဆေးမှုန့် (၁၀)ဂရမ်နှုန်းထည့်သွင်းအသုံးပြုကာပက်ဖျန်းနိုင်ပါသည်။

×

Super Yami 10% WP

Super Yami 10% WP

စူပါရာမီ 10% ဒဗလျူပီ

ထုတ်ပိုးမှု :

  • ၁၀၀ ဂရမ်
  • ၂၅၀ ဂရမ်

Active Ingredient : Imidacloprid

Group : Neonicotinoids Chloronicotinyl Pesticide

Controlled pests : ဆစ်ပိုး၊ဖြုတ်၊ ဝါပိုးနီ၊ယင်ဖြူ၊ သရစ်၊ ပျ၊ ရွက်ထွင်းပိုး၊ မီလီဂျပိုး။ မြေတွင်းအောင်းအင်းဆက်ပိုးများ၊ ကျိုင်းကောင်အချို့၊ ချများ၊ ဂျပိုးများ၊ စပါးပျိုးခင်းတွင်ကျသောဖြုတ်ပိုးများ၊

အလုပ်လုပ်ပုံ : သီးနံပင်ကိုဤပိုးသတ်ဆေးပက်ဖျန်းထားပါကအပင်၏အမြစ်များမှတဆင့်စုပ်ယူကြသည်။ အစာရေကြောစည်းမှတဆင့်အပင်၏အပေါ်ပိုင်းသို့တဖြေးဖြေးပျံ့နှံ့ရောက်ရှိကြသည်။ မြေဆီလွှာကိုပက်ဖျန်းထားပါက မြေဆီလွှာမှတဆင့်အရွက်ထဲသို့ xylem၏အကူအညီဖြင့်လွယ်ကူစွာရွေ့လျားကြသည်။ အပင်၏အသီး၊ဝတ်မှုံ၊ဝတ်မှုံခံတိုင်၊ထိဆေးအာနိသင်ရောက်ရှိသည်၊ အပင်တွင်းသို့စိမ့်ဝင်ပြန့်နှံ့မှုအားကောင်းသည်၊ အရွက်၏ကျူတီကယ်လ်ကိုဖြတ်သန်းကာ၊ အရွက်၏တစ်သျူးလွှာထဲသို့ လွယ်ကူစွာရွေ့လျားကြသည်။ ပိုးသတ်ဆေးသည်ထိသေ၊ စားသေဖြစ်ကာပင်လုံ့းပြန့်အာနိသင်ရှိပါသည်။

အားသာချက်များ :

  • ဤပိုးသတ်ဆေးကိုသီးနှံပင်များအား အပင်ဖြစ်ထွန်းချိန်(Vegetative Growth)သုံးပါတ်သားခန့်မှစကာ၊ ပုံမှန်ပက်ဖျန်းပေးခြင်းဖြင့်စိုက်ပျိုးပင်တွင်စုပ်စားပိုးများကြောင့်ဖြစ်ပေါ်စေသည့်အရွက်များကုပ်နေခြင်း၊နူတွန့်နေခြင်း၊အရွက်များအသီးများထွတ်နေခြင်း၊ရွက်သေးထိုးခြင်း၊နှမ်းဖိုရောဂါ၊ပဲတီစိမ်းရွှေဝါရောင်မိုဇိတ်ရောဂါများဖြစ်ပွားခြင်းများကိုများစွာသက်သာစေပါသည်။

သုံးစွဲပုံ : မျိုးစေ့များကိုဤပိုးသတ်ဆေးကိုအသုံးပြုကာလူ၍စိုကိပျိုးနိုင်ပါသည်။ မျိုးစေ့ ၁၀၀ကီလိုဂရမ်အားဆေးမှုန့်(၅၀ဂရမ် မှ ၁၂၀ဂရမ်)နှုန်းထည့်သွင်းကာအသုံးပြုနိုင်ပါသည်။ မြေဆီလွှာအတွင်းရှိမြေအောင်းပိုးများကိုလည်းပက်ဖျန်းကာကွယ်နိုင်ပါသည်။ မြေဆီလွှာမှတဆင့်အပင်မှစုပ်ယူသည်၊ ဖျက်ပိုးများသည်ဆေးနှင့်ထိတွေ့ခြင်းအားဖြင့်ခန္ဓာကိုယ်တွင်းသို့ရောက်ရှိပြီး၊ နဗိကြောရိုးကိုတိုက်ခိုက်ခံရကာ၊သေဆုံးသွားပါသည်။

ဆေးနှုန်းထား : ရေ(၁၆)လီတာဆန့်ဆေးဖျန်းပုန်းတစ်ပုန်းလျှင်ဆေးမှုန့် (၁၀ဂရမ်)နှုန်းထည့်သွင်းကာအသုံးပြုနိုင်ပါသည်။